ဖြစ်နိုင်ခြေရှိတဲ့ အချက်များကို ပြောပါမယ် -
၁။ ခြေတံ ရှည်လွန်းသော Desktop PC အသုံးပြုသူများ တစ်ခါတစ်ရံ ခြေထောက်ဆန့်ရင်းနဲ့ ကွန်ပျူတာပုံး (casing) နောက်ဘက် Power Supply တွင် တပ်ထားသော Power Cable ကို ဆွဲသလို ထိမိရာမှ Restart ဖြစ်သွားခြင်း။
၂။ တစ်ခုခုကို စိတ်တိုနေရာမှ ကွန်ပျူတာသို့ မဲ၍ Keyboard ကို အသားကုန် ရိုက်နှက်သည်။ ထိုမှ Key လုံးများ ကျွံဝင်သွားသည်ကို မသိသည့်အတွက် မကြာခဏ Restart နဲ့ နှစ်ပါးသွားရခြင်း။
၃။ Hard Disk , Memory နှင့် CPU များ လိုအပ်သည်ထက် ပိုမို စွမ်းဆောင်ရသည့်အတွက်လည်းကောင်း ၊ (သို့မဟုတ်) ပုံမှန်အလုပ်မလုပ်၍ လည်းကောင်း ၊ Heat တက်ရာမှလည်းကောင်း Restart ကျခြင်း။
၄။ ကွန်ပျူတာ အသုံးပြုချိန်တွင် မီးအားအတက်အကျ ပမဏာများလွန်း ၊ နည်းလွန်းခြင်း။ မကြာခဏ ထိုသို့ အတက်အကျ အကြိမ်ရေ များရာမှ (AVR မပါသော) UPS ၊ Power Supply တို့ လုံး၀ ပျက်စီးခြင်းမျိုးမဟုတ်ပဲ ပုံမှန်အတိုင်း အလုပ်မလုပ်ရာမှ Random Restart ကျခြင်း။
၅။ အသုံးပြုနေစဉ် ကွန်ပျူတာပုံး (casing) အား တစ်ခုခုဖြင့် တိုက်မိရာမှ (Memory Lose ဖြစ်ရာမှ) Restart ကျခြင်း။
၆။ Virus ကြောင့် Restart ကျခြင်း။
၇ ။ Shock ရနေသော USB (Flash Drive, Hard Drive, MP3/4 Player) Devices များ တပ်မိရာမှ Restart ကျခြင်း။
0 comments:
Post a Comment
Write your comments please.