၉ ဇန်နဝါရီ ၂၀၁၅
ကန်ထရိုက်တိုက်မှာနေတာ ဆိုပေမယ့် ကန်ထရိုက်က ရိုက်ပေးခဲ့တဲ့ မီးလိုင်းက အများကြီး သုံးလို့မရနိုင်ဘူး ဆိုတာ တော်တော်များများ သိကြမှာပါ ...။
ဒါကြောင့်လည်း မီးလိုင်းကို ဆားဗစ်ကြိုးကြီးကအစ ပြန်ဆွဲကြပါတယ်။
ဒါ့အပြင် ကန်ထရိုက်ဆွဲပေးတဲ့အထဲမှာ မပါတဲ့ အဲကွန်းတို့ ၊ ကွန်ပျူတာတို့ ၊ ရေခဲသေတ္တာ ၊ အဝတ်လျှော်စက်တို့ Pump မော်တာတို့ မီးဖိုတို့ အတွက်ပါ လိုင်းအပိုတွေ ထပ်ဆွဲကြရပါတယ်..။
ဒီ့အတွက် ကျွမ်းကျင်တဲ့ မီးသမားကို ခေါ်ပြီး အစဆုံးနီးပါး ပြန်လုပ်ကြရပါတယ် ..။
ကျနော်လည်း အဲဒီအတိုင်း ပြန်လုပ်ခဲ့ရပါတယ် ...။
ဒါကြောင့် တစ်အိမ်လုံးမှာ Lighting အတွက်က သီးသန့် ၊ Loading ကြီးကြီးဆွဲမယ့် နေရာတွေအတွက်က သီးသန့် ဖြစ်အောင် Breaker တွေနဲ့ Safe ဖြစ်အောင် လုပ်ခဲ့ရပါတယ်..။
ဒါလေးကို DB လို့ ခေါ်ပါတယ်..။ Distribution Box ပေါ့..။
ဘယ်ဘယ်အစွန်က ၂ခုတွဲကြီးက မိန်းဘရေကာပေါ့.. သူ့ဆီကို ဆားဗစ်ကြိုးကြီးက ဝင်လာပြီး အသေးလေးတွေက တစ်အိမ်လုံးအတွက် သီးသန့်လိုင်း ဘရေကာ အနေနဲ့ ဖြန့်ခွဲပေးတာပေါ့။
လုပ်ခဲ့တဲ့ မီးသမားကလည်း ကျွမ်းကျင်သလို ဆရာလည်းကျပါတယ် ..။ စနစ်လည်းကျပါတယ် ...။ ဒါပေမယ့် သူ Screw တစ်လုံး ကြပ်ဖို့ မေ့သွားတာလေးက ဒီနေ့ ကျနော် အတွက် ရုံးနောက်ကျလောက်အောင် အလုပ်များခဲ့ရပါတယ်။
၇နာရီခွဲလောက်မှာ ဇနီးဖြစ်သူက ထမင်းပေါင်းအိုးတည်ထားပြီး induction cooker နဲ့ ငါးကြော်နေတုန်း ပေါင်းအိုးရော မှန်ပြားမီးဖိုရော မီးမဝင်တော့ဘူး ဖြစ်သွားတယ်။ ဒါနဲ့ DB ကို လာကြည့်တော့
အဲဒီ မီးဖိုလိုင်းရဲ့ ဘရေကာက ကျနေပါတယ်... ဒါဆိုရင် မီးဖို (သို့မဟုတ်) ပေါင်းအိုးမှာ Shock ရှိနေပြီ ဆိုပြီး တစ်ခုခြင်း စစ်ကြည့်တော့လည်း အဲဒီ ဘရေကာလေး တင်လို့ကို မရဘူးဖြစ်နေတယ်..။ ဒါကြောင့် DB အဖုံးကို ဖွင့်ကြည့်လိုက်တော့မှ
အဲဒီနေရာမှာ Screw ကို သေချာ မကြပ်ခဲ့တဲ့အတွက် Wire က လွတ်လွတ် လွတ်လွတ်ဖြစ်ရာက ခုလို ပျော်ကျပြီး အပူထွက်လာရာက Breaker က ဖြုတ်ချတဲ့ အဆင့်ရောက်ခဲ့ပါတယ်။
ဒီတော့ အသစ်လဲဖို့ ဖြုတ်လည်း ဖြုတ်ကြည့်ရော
Breaker က လောင်တဲ့အဆင့်ရောက်သွားပါပြီ..။ ဒါကြောင့် အသစ်တစ်ခု ချက်ခြင်း ပြေးဝယ်လို့ တပ်လိုက်တဲ့အခါ
ခုလို အားလုံး ပြန်ကောင်းသွားပါတယ် ...။
လျှပ်စစ်မီးလိုင်းနဲ့ ပက်သက်လာရင် ပိုက်ဆံများများနဲ့ ပစ္စည်းကောင်းကောင်း သုံးဖို့ ဝန်မလေးပါနဲ့ ။
နောက်ပြီး ဘယ်လောက်ပဲ ကျွမ်းကျင်ပါတယ် ပြောပြော သေချာအောင် အပြီးသတ် စစ်ဆေးနိုင်ရင် အကောင်းဆုံးပါ။
တတ်သလိုလိုနဲ့လည်း အရဲစွန့်ပြီး မစမ်းကြည့်ပါနဲ့ ... အမှားမခံပါဘူး ..။ အတွေ့အကြုံ တစ်ခုပေါ့ နော့....။
0 comments:
Post a Comment
Write your comments please.