System Unit (သို့မဟုတ်) ကွန်ပျူတာပုံး
20 Feb 2015
တော်တော်များများက CPU
လို့ခေါ်ကြတဲ့ System Unit ၊ သို့မဟုတ် ကွန်ပျူတာပုံး ၊ အဲဒီပုံး တစ်ပုံး ဖြစ်လာပုံလေး
တင်ပြပါရစေ ....။
အမှန်တော့ CPU ဆိုတာက အဲဒီပုံးထဲမှာ
ပါဝင်ရတဲ့ အဓိက အစိတ်အပိုင်း တစ်ခုသာဖြစ်ပါတယ် ..။
အဓိကအစိတ်အပိုင်း ဖြစ်သလို
ဈေးကလည်း ကျန်တဲ့ Hardware အစိတ်အပိုင်းများထက် ပိုကြီးပါတယ်..။
CPU ကျောဘက်မျက်နှာပြင်ကို ခုလိုပဲ တွေ့ရမှာပါ
CPU အခြားမျက်နှာပြင်ကို ခုလိုပဲ တွေ့ရမှာပါ
CPU ကို Mainboard (သို့) မာသားဘုတ် ဘယ်နေရာမှာ ထည့်သွင်းတပ်ဆင်သလဲဆိုတော့
ခုလိုပဲ ထည့်ထားတာကို တွေ့ရမှာပါ..။ ထည့်တာကလည်း ဖြစ်သလို ထည့်လို့တော့ မရပါဘူး ..။ သူ့ Pin အမှတ်အသားကို ကြည့်ပြီး ထည့်ရတာပါ..။ နောက်တစ်ခုက CPU အဖုံး မပိတ်ခင် သေချာအောင် စစ်ဆေးဖို့လည်း အရေးကြီးပါတယ်။ အိုကေရင်တော့ အဖုံးကို ပိတ်ပြီး အဖုံးရဲ့ မောင်းကလစ်ကိုလည်း စနစ်တကျ တပ်ဆင်ရပါမယ်။ ပြီးရင် CPU Fan တပ်ပါမယ်..။
CPU ကိစ္စ ပြီးရင်တော့ မားသေားဘုတ်ပေါ်မှာ မန်မိုရီတပ်ဆင်ပါမယ်..။ မန်မိုရီတပ်ရင်လည်း ကလစ်ကလေးတွေ ဂရုစိုက်ဖို့လိုပါမယ်။
အဲဒီနောက်မှာတော့ Casing ပုံးအတွင်းသို့ မားသားဘုတ်တစ်ခုလုံးကို ထည့်သွင်းပါမယ်..။
ခုလို မားသားဘုတ် ထည့်သွင်းပြီးရင် Harddisk ၊ DVD Writer နဲ့ Powersupply ကို တပ်ဆင်ပါမယ်..
မားသားဘုတ်သို့ ဆက်သွယ်ထားသော Powersupply မှ 24 pin connector ၊ ATX 12 volt connector ၊ CPU Fan connector ၊ Front USB and Audio connector ၊ Power Led, HDD Led, Reset, Power SW ၊ Harddisk SATA & Power ၊ DVD SATA & Power ၊ နောက်ဆုံး 4pin Speaker လေးပါမကျန် အသေးစိတ် စစ်ပြီးမှ Power ပေး၍ စက်စမ်းပါ..။
စက်စမ်းချိန်မှာလည်း ဝင်ဒိုးတင်ရန် ဆန္ဒမစောပါနဲ့ ။ ၅ မိနစ်ခန့် BIOS အတွင်း လိုအပ်သည်များ စစ်ဆေးအတည်ပြုပါ။ သေချာပြီဆိုမှ Windows တင်မည့် လုပ်ငန်းစပါ။
လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုကျော်လောက်ကတော့ စက်တစ်လုံးဆင်ဖို့ အခွင့်အရေးဆိုတာကလည်း ရဖို့မလွယ်ပါ။ ရခဲ့ရင်လည်း သတိကြီးစွာနဲ့ ဆင်ရပြန်ပါတယ်...။ မှားသွားလို့ တစ်ခုခု ကြွသွားရင် ကိုယ့်အိပ်ထဲက ပိုက်ပိုက်လေးတွေနဲ့ လူကြီးတွေ မသိအောင် ဖြေရှင်းခဲ့ရဘူးပါတယ်..။
ခုခေတ် ချိန်ခါမှာတော့ စက်ဆင်တာလောက်က သိပ်ခက်ခဲတဲ့ ကိစ္စမဟုတ်ဘူးလို့ ထင်ကြပါလိမ့်မယ် ....။ အမှန်တော့ စက်ဆင်တဲ့နေရာမှာ Experience ဆိုတဲ့ အတွေ့အကြုံက အများကြီး အရေးပါပါတယ်....။ ကျနော် ၁၉၉၉ ခုနှစ်လောက်ကစလို့ စက်ဆင်တဲ့ အလုပ်ကို လုပ်ခဲ့ပေမယ့် ခုချိန်ထိ စက်ဆင်တဲ့ အချိန်မှာ ပေါ့ပေါ့တန်တန် သတိမဲ့စွာနဲ့ လုပ်ကိုင်လေ့မရှိပါဘူး ...။ ဘာလို့လဲ ဆိုတော့ တစ်ချက်မှား သွားတာနဲ့ ပိုက်ဆံကုန်ဖို့ အကြောင်းတရားများစွာ ဖြစ်လာလေ့ရှိလို့ပါ ....။ ဒါတွေကလည်း ဘဝတစ်ကွေ့မှာ တွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေပေါ့ဗျာ .....။