16 - 9 - 2014
မြန်နိုင်ငံမှာလာအလုပ်လုပ်ကြတဲ့ အချို့ နိုင်ငံခြားသားတွေဟာ ကွန်ပျူတာသုံးမယ်ဆို UPS ဆိုတာကို ကြားခံအဖြစ် သုံးရတယ်ဆိုတာကို မသိကြပါဘူး။ UPSက သူတို့နိုင်ငံမှာ မလိုပေမယ့် မီးမကြာခဏ ပြတ်တတ်တဲ့ ကျနော်တို့ဆီမှာတော့ မရှိမဖြစ် အရာပါပဲ။ ဆရာအော်ပီကျယ်ပြောသလိုပါပဲ။ အလကားနိုင်ငံခြားသားတွေ အင်ဗာတာ (UPS) ဆိုတာလေးတောင် မသိဘူး..။ ငတုံးတွေလို့ ပြောရမလို...။
အဲဒီ UPS ထဲမှာလည်း မီးအားအပြောင်းအလဲကြောင့် ၊ ဘက်ထရီ၏ အရည်အသွေးကြောင့် ၊ သုံးစွဲသူ အသိပညာ အားနည်းမှုကြောင့် ...... ယခုလို ဖြစ်နေတတ်ပါတယ် ..။
အနီ ၊ အနက်ကြိုးတွေမှာ ခဲဂျီးတွေ ကပ်နေတာ တွေ့ရပါလိမ့်မယ်...။
ပုံမှန်ကတော့ ခုလိုပါ။
UPS ထဲမှာ ခုနကလို ခဲဂျီးတွေ တက်နေသလားဆိုတာကို သင်ဘယ်အချိန်မှာ သိနိုင်မလည်း ....။ ကွန်ပျူတာ ပုံမှန်လည်ပတ်နေသမျှတော့ အမှုမဲ့အမှတ်မဲ့ပါပဲ..။
သင် ကွန်ပျူတာအသုံးပြုချိန် မီးပျက်တဲ့အခါ ရုတ်တရက် ကွန်ပျူတာ ရပ်တန့်သွားခဲ့တာမျိုးကြုံရပါလိမ့်မယ်..။ ဒါဆို သေချာပါပြီ ... UPS က ပုံမှန်အလုပ်မလုပ်တော့ပါဘူး ..။ ဒီ့အတွက် အရင်ဆုံး UPS ရဲ့ နောက်ဘက်မှာ ရှိနေတဲ့ Fuse ကို စစ်ကြည့်ပါ။
Fuse ကို စစ်ရခြင်းက သင်အသုံးပြုနေသော လျှပ်စစ်မီးလိုင်းတွင် Shock ရှိ/မရှိ သေချာရန် စစ်ဆေးရခြင်း ဖြစ်ပါသည်။
Fuse ကောင်းနေရင်တော့ အဖုံး ဖွင့်ကြည့်ရပါတော့မည်။ အဖုံးဖွင့်ကြည့်လိုက်ရင်တော့ ခုနက ခဲဂျီးတွေကို မြင်တွေ့ရတော့မှာပါ။ ဘက်ထရီခေါင်းမှာ ခဲကပ်နေတာ ကြာခဲ့ရင် ဘက်ထရီခေါင်း ပြတ်ထွက်တတ်တဲ့ အပြင် UPS ဆားကစ်ဘုတ်မှာ ခဲနဲ့ အသေတို့ထားတဲ့ အနီအနက်ကြိုးခေါင်းတွေပါ ဆားပေါက်ပြီး လျှပ်စစ်မစီးနိုင်တဲ့ အဖြစ်ကို ရောက်သွားပါတယ်။
ဒါကြောင့် ခဲဂျေးကပ်နေတဲ့ အပိုင်းကို ဖြတ်ထုတ်ပစ်ပြီး ပြန်ဆက်ရပါတယ်။ အကယ်၍ ကြိုးခေါင်းပါ မကောင်းတော့လျှင် ကောင်းတဲ့ကြိုးခေါင်း တစ်ခု ရှာဖွေပြီး ဆက်ရပါတယ်။
ကြိုးဆက်ပြီးသွားရင်တော့ UPS Battery တွေပါ လဲလိုက်ရင် အကောင်းဆုံးပါ။ ဘက်ထရီတစ်လုံးကို ယနေ့(၁၆-၉-၂၀၁၄ )ပေါက်ဈေး ၈၅၀၀ကျပ်ရှိပါတယ်။ 1.2 UPS အသစ်တစ်လုံးကို ၅သောင်းမှ ၆သောင်း အထိ ရှိပါတယ်။
UPS အဖုံးတပ်ဆင်၍ အနည်းဆုံး ၅ နာရီကြာ အားသွင်းပြီးသည့်နှင့် အသုံးပြုရန် အသင့်ရှိပါပြီ။ မီးပျက်ချိန်တွင် သင့်ကွန်ပျူတာ ရုတ်တရက် ရပ်တန့်သွားခြင်း မရှိအောင် သင့်UPSက အကောင်းဆုံး အကူအညီပေးပါလိမ့်မည်။
မြန်မာ့ လျှပ်စစ်ကြောင့် လဲထားတဲ့ ဘက်ထရီလေးတွေကို ကြည့်လိုက်ပါဦး ....